ကန့်ဘလူမြို့ဒေသထွက် ကင်ပွန်းချဉ်ရွက်ဈေးနှုန်းအခြေအနေ

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကိုနေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက် ခြံစည်းရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရသည်။ 

  ၂၀၂၅ ခုနှစ် ၊ ဇွန်လတတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး ၏ပြောပြချက်အရ ကင်ပွန်းချဉ်ရွက်များကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာမှ လည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ကင်ပွန်းချဉ်ရွက်များကို အစည်းလေးများစည်း၍ ရောင်းချရာ(၁) စည်းလျှင် (၃၅၀)ကျပ်၊ (၃)စည်းလျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)