မြသလ္လာဈေးတွင် ရောင်းချနေသော ဘူးသီးဈေးနှုန်း

Powered by Drupal

     ဘူးသီးပင်သည် မြန်မာနိုင်ငံအပူပိုင်းနှင့်သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း သော ဟင်းသီးဟင်းရွက်အပင်မျိုးဖြစ်ပြီး နွယ်ပင်အမျိုးအစာဖြစ်ပါသည်။ ဘူးပင်သည် အိမ်တိုင်းနီးပါ စိုက်ပျိုးလေ့ရှိရာ စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံဖြစ်သောကြောင့် နေ့စဉ် စားသင့်ကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇွန်လစတုတ္ထပတ်တွင် မုံရွာမြို့၊ မြသလ္လာဈေးကွက်၌ ဘူးသီး တစ်လုံးလျှင် (၉၀၀-၁၀၀၀-၁၂၀၀) ကျပ် ပေါက်ဈေးများရှိပြီး အသီးလတ်ဆက်မှုနှင့် အရွယ် အစားအကြီး၊ အသေး ပေါ်တွင်မူ၍ ဈေးနှုန်းများ ကွာခြားကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)