
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများသည် ဒေသထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို စီးပွားဖြစ်အနေဖြင့်သော်လည်းကောင်း တစ်ပိုင် တစ်နိုင်အနေဖြင့် လည်းကောင်း၊ စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိသော ခရမ်းကြွပ်သီးများကိုလည်း မုံရွာမြို့၊ ဈေးဟောင်းတွင်လာရောက်ရောင်းချကြကြောင်းသိရှိရပါသည်။ ခရမ်းကျွတ်သီးကို (၁၂)လ ရာသီပတ်လုံး စိုက်ပျိုးပြီး ခူးစွတ်နိုင်ကြောင်းလည်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ခရမ်းကြွပ်သီး(၁)ပိဿာလျှင် (၂၈၀၀)ကျပ်၊ ခရမ်းကြွပ်သီး (၅၀)ကျပ်သားလျှင်(၁၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ခရမ်းကြွပ်သီးကို ထမင်းဝိုင်းတွင် ငပိရည်နှင့်တွဲဖက်၍ တို့စာရာအဖြစ်စားသုံးကြကြောင်း၊ ထမင်းဆိုင်များမှ နေ့စဉ်ဝယ်ယူသဖြင့် အရောင်းအဝယ်သွက် လျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)