ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးကွက်

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ၊ ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲမျိုးစုံစိုက်ပျိုးကြောင်း သိရှိရသည်။

၂၀၂၅ ခုနှစ် ဇွန်လ တတိယပတ်အတွင်း ပဲနီ(၁)တင်းလျှင် (၁၀၂၀၀၀)ကျပ်၊ အကွဲအနာပါ (၁)တင်းလျှင် (၁၁၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ပဲနီ(ခေါ်) စွန်တာနီ(၁)တင်းလျှင်(၂၀၀၀)ကျပ်မြင့်တက်လာကြောင်း၊ ဇွန်လ တတိယပတ်အတွင်း ထောပတ်ပဲ တစ်တင်းလျှင် (၁၁၆၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၁၅၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ထောပတ်ပဲသီးနှံဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း၊ ပဲနီနှင့်ထောပတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်း ဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)