အရှုံးမရှိ အမြတ်ရရှိနေသောရုံးပတီးသီးစိုက်ပျိုးရေး

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်မှခြံစိုက်ပျိုး၍ စီးပွားရေးလုပ်ကိုင် လာကြသည်။ တောင်သူများသည်ယခုနှစ်တွင်ရုံးပတီကိုအဓိကထားစိုက်ပျိုးကြပါသည်။

            ရုံးပတီပင်သည် ရက်တိုတိုဖြင့် ဝင်ငွေရရှိပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့် သက်တမ်းတို အပင်မျိုးဖြစ်ပြီး တစ်ရက်ခြား ခူးဆွတ်ရရှိခြင်းဖြစ်သဖြင့် ဝင်ငွေမပြတ်ရရှိနိုင် ကြောင်းသိရှိရပါသည်။ ရုံးပတီသီး စိုက်ပျိုးရန်အတွက် ကုန်ကျစရိတ်အနေဖြင့် ရုံးပတီသီး တစ်ဧကလျှင် မျိုးစေ့ဘိုး (၃၅၀၀၀၀/)ကျပ်၊ အပင်အားဆေး ကျွေးရန် (၃) ကြိမ် အတွက်(၁၄၆၀၀၀/၀)ကျပ်၊မှိုသတ်ဆေး ဘိုး  (၄၆၀၀၀/)ကျပ်၊စိုက်ပျိုးထွန်ယက်ပြုပြင်ခြင်းကုန်ကျစရိတ်(၁၆၀၀၀၀/)ကျပ်၊မြက်နှုတ်ပေါင်းလိုက်ခ(၂၅၀၀၀၀/)ကျပ်၊ ခူးဆွတ်သယ်ယူခ (၂၇၀၀၀၀/) ကျပ် ခန့် ကုန်ကျနိုင်ပြီး စုစုပေါင်းကုန် ကျစရိတ်ငွေ (၁၂၂၂၀၀၀/) ကျပ် ခန့်ကုန်ကျနိုင်ပါသည်။

          တစ်ဧကအထွက်နှုန်းအနေဖြင့် တစ်ရက်လျှင် အတောင့်(၈၀၀၀/မှ၁၀၀၀၀)အထိ အကြိမ် ရေ (၁၅ကြိမ်မှ ၂၀ကြိမ်)ထိခူးဆွတ်ရရှိနိုင်ပါသည်.။ယခုအချိန်ဈေးကွက်ပေါက်ဈေးအရ တစ်တောင့်လျှင် (၂၀ကျပ်မှ၃၀ကျပ်) ထိရရှိနေပြီး၊ ပျမ်းမျှအကြိမ်(၁၆)ကြိမ်၊အတောင့်ရေ(၁၂၈၀၀၀)တောင့် ပျမ်းမျှ ပေါက် ဈေး(၂၄)ကျပ် ဈေးဖြင့်တစ်ဧက ဝင်ငွေ(၃၀၇၂၀၀၀/)ကျပ် ရရှိပါသည်။ တစ်ဧကအကျိုးအမြတ်အနေဖြင့် ကျပ်သိန်း (၂၀) ကျော် ရရှိနိုင်ပါသော်လည်း ယခုနှစ်တွင် ရေကြီးနစ်မြှပ်မှုဖြစ်ပေါ်ခဲ့သောကြောင့် အပင်အနည်းငယ် ထိခိုက်မှု ရှိသဖြင့်ကျပ်သိန်း (၁၈) သိန်းခန့်သာ ရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)