
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆီထွက်သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ ၄င်းသီးနှံများအနက် နွေနှမ်းသီးနှံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စဉ့်ကိုင်မြို့နယ်၌ (၂၃၄၄၄)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာ၏ စာရင်းများအရသိရှိရပါသည်။ နွေနှမ်း(၁)ဧက စိုက်ပျိုးလျှင် မျိုးအနေဖြင့် (၃)ပြည်ခန့်ကုန်ကျကြောင်း ၊ နှမ်းမျိုး(၁)ပြည်လျှင် (၈၀၀၀/-)ကျပ် စျေးနှုန်းဖြင့်ဝယ်ယူစိုက်ပျိုးရကြောင်း၊နွေနှမ်းစိုက်ပျိုးမှု(၁)ဧကကုန်ကျစရိတ်အနေဖြင့်မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူ၊နှမ်းညို၊နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် နွေနှမ်းများ ဖြိုင်ဖြိုင်ရိတ်သိမ်းလျှက်ရှိရာ အထွက်နှုန်းအနေဖြင့်(၈)တင်း ဝန်းကျင်ခန့်ထွက်ရှိကြောင်း ၊ ယခင်နှစ် နှမ်းစျေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင်(၁၄၀၀၀၀/-)ကျပ် ၊ နှမ်းညိုတစ်တင်းလျှင်(၁၀၀၀၀၀/-) ကျပ်၊နှမ်းနက်ရိုးရိုးတစ်တင်းလျှင်(၇၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး ၊ ယခုအချိန်တွင် နှမ်းဖြူတစ်တင်းလျှင် (၁၃၀၀၀၀/-)ကျပ် ၊ နှမ်းညိုတစ်တင်းလျှင်(၁၀၀၀၀၀/-)ကျပ် ၊ နှမ်းနက် ရိုးရိုး တစ်တင်းလျှင်(၉၅၀၀၀/-)ကျပ်စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း၊ယခင်နှစ်နှင့်ယခုနှစ် စျေးနှုန်းများနှိုင်းယှဉ်ပါက နှမ်းဖြူနှင့်နှမ်းညိုစျေးမှာ အနည်းငယ်ကျဆင်းပြီး နှမ်းနက်ရိုးရိုးမှ အနည်း ငယ်မြင့်တက်လျှက်ရှိပါသည်။ စျေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက် ရောင်းချကြပြီးပွဲရုံများမှတစ်ဆင့်မန္တလေး၊ရန်ကုန်မြို့များသို့တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။နှမ်းဆီစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် (၁၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပြီး နှမ်းဖတ်(၁)ပိဿာလျှင်(၄၀၀၀/)ကျပ်စျေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့်(၆၀၀၀၀၀/-)ကျပ် ဝန်းကျင်မြတ်ကြောင်း နှမ်းစိုက်တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)