
ကျောက်ဆည်မြို့နယ် အေးမြကြည်လင်ဈေးနှင့် မြို့မဈေးတို့အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများ ဝင်ရောက်လျက်ရှိရာ ဇန်နဝါရီလဆန်းတွင် ခရမ်းချဉ်သီး (၂၈၀၀-၃၀၀၀)ကျပ် ဈေးဖြင့်ရောင်းချလျက်ရှိပြီး ယခုအပတ်မှစတင်၍ ခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်လျက်ရှိပါ သည်။ ယခုလက်ရှိပေါက်ဈေးအနေဖြင့် တစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀)ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း၊ ခရမ်းချဉ်သီးဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ခရမ်းချဉ်သီးဈေးနှုန်း မြင့်တက် ရခြင်းမှာ မြို့နယ်အတွင်းစိုက်ပျိုးသော ခရမ်းချဉ်သီးများ စိုက်ပျိုးမှုမရှိသောကြောင့် ဒေသတွင်း ထွက်ရှိမှုမရှိသောကြောင့်ဖြစ်ပါသည် ။ ခရမ်းချဉ်သီး ဈေးကွက်အတွင်း ဝင်ရောက်မှုအနေဖြင့် တောင်ကြီး၊အင်းလေး၊ညောင်ရွှေမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း၊ သယ်ယူစရိတ်များပြားခြင်းနှင့် ဝင်ရောက်မှုနည်းခြင်းတို့ကြောင့် ခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ခရမ်းချဉ်သီး ပွဲရုံများမှ သတင်းရရှိပါသည်။
DOCA(မန္တလေး)