တညင်းသီးသည် မိုးဥတုတွင်သာ လှိုင်လှိုင်ပေါ်တတ်သော ရာသီစာအသီး တစ်မျိုးဖြစ်သည်။မိုးဦးကျတဲ့အချိန်မှာပေါ်လာတတ်တဲ့ တညင်းသီးကို မြန်မာလူမျိုးများ တော်တော်များများ သဘောကျ ကြပါတယ်။ရာသီပေါ်အခွံမချွတ်ရသေးသည့် တညင်းသီးများ ယခုနှစ်တွင် ဈေးကောင်း ရရှိကြောင်း တညင်းသီးစိုက်ပျိုးရောင်းချသူများထံမှ သိရှိရသည်။
တညင်းသီးစပေါ်သည့်ကာလဖြစ်သော်လည်းယခုနှစ်တွင်အခွံမချွတ်ရသေးသော တညင်းသီးများတစ်တင်းလျှင် တစ်သိန်းကျော်အထိဈေးကောင်းရနေသည့်အတွက် ကိုယ်တိုင်စိုက်ပျိုးရောင်းချသူနှင့် တဆင့်ခံရောင်းချသူများ အမြတ်များစွာရရှိနေကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦးကပြောသည်။
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်တွင် ထွက်ရှိသည့်တညင်းသီးများ ယခင်နှစ်တွင် အကြီး အသေးပေါ်မူ တည်၍ တစ်တင်းလျှင်ကျပ်(၉၀၀၀၀)ကျော်ရှိခဲ့ရာမှ ယခုနှစ်ပေါ်ကာလစတွင် တစ်တင်းလျှင်ကျပ်(၁၀၀၀၀၀)ကျော်ထိဈေးကောင်းရရှိနေကြောင်း တညင်းသီးဈေးကွက်ကိုလေ့လာ စုံ စမ်းချက်အရသိရှရသည်။ တညင်းသီးမှာ လူကိုအကျိုးပြုသော ဗီတာမင်၊သက်စောင့်ဓာတ်များလုံး၀ မပါဝင်ပါ။ခံတွင်းမြိန်စေသော အာနိသင်သာရှိပါသည်။ ထိုကြောင့် ဘေးဥပါဒ်များစေသော တညင်းသီးကို စားသင့်/မစားသင့်ချင့်ချိန်နိုင်ကြပါစေ။ မြန်မာလူမျိုးအများစုသည် တညင်းသီးများ စားသုံးရာတွင် မခိုင်လှုံသောအကြောင်းပြချက်များဖြစ်သည့် တစ်နှစ်မှတစ်ခါသာစားရတာ၊တစ်ခါတစ်လေစား တာ၊အမြဲမစားပါဘူး၊သေသေချာချာပြုတ်စားတာ အဆိပ်မဖြစ်ပါဘူး စသည်ဖြင့် အမျိုးမျိုးသော ထင်မြင် ယူဆချက်များဖြင့် စားသုံးလေ့ရှိကြသည်။ တညင်းသီးကို အတို့အမြှုပ်အနေနဲ့ဖြစ်ဖြစ်၊ ဟင်းချက်ပြီး၊ဆားရေစိမ်ပြီး၊အစိမ်းနုနုလေးတွေကို တို့စားတာတွေလည်း ရှိပါသေးတယ်။ နောက်တစ်ချက်က တညင်းသီးကအာဟာရပါဝင်မှုနည်းသလို အဆိပ်ခပ်ပျော့ပျော့ပါနေပြီး၊ အာဟာရ ဖြစ်စေမှုကို အဟန့်အတားဖြစ်စေတဲ့ အရာတွေပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး များလှသော်လည်း မစားရမနေနိုင်ခံတွင်းတွေ့သူများအတွက် အန္တရာယ်ဖြေလျှော့ စားသုံးခြင်းမှ ရှောင်ရှားသင့်ပါကြောင်း အကြံပြုအပ်ပါသည်။
DOCA(တနင်္သာရီ)