
ကန်ကြီးထောင့်မြို့ပေါ်ရှိ ရပ်ကွက်များတွင်MSMEလုပ်ငန်းများဖြစ်သော မုန့်ဖတ်(မုန်တီ ၊မုန့်ဟင်းခါး) လုပ်ငန်းများကို မိသားစုစားဝတ်နေရေးအတွက် စီးပွားဖြစ် တစ်နိုင်တစ်ကိုင်လုပ် ကိုင်ကြကြောင်း သိရပါသည်။
၂၀၂၅ခုနှစ်၊ ဇွန်လစတုတ္ထပတ်တွင် ရောင်းချလျက်ရှိသော မုန့်ဖတ် ၅၀ ကျပ်သားလျှင် (၁၂၅၀) ကျပ်၊ ၁ပိဿာလျှင် (၂၅၀၀) ကျပ်ပေါက်ဈေးရှိကြောင်း၊ ဈေးကွက်အနေဖြင့်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန်တီ၊ မုန်ဟင်းခါး ရောင်းချသူများ နှင့်အလှူပွဲ၊ မွေးနေ့ပွဲ၊ ဘုရားပွဲများတွင် အသုံးပြုရန်အတွက် လက်လီ/ လက်ကား အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)