ပဲယင်းစျေးနှုန်းစျေးကွက်

Powered by Drupal

    ပဲယင်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့ တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှုမှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါသည်။ မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှထွက်သည့် ပဲယင်းများ ဝင်ရောက်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ၊ဇွန်လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲယင်း (ကြီး/လတ်)  ၂၃၅၀၀၀ ကျပ်နှင့် ၂၃၆၀၀၀ ကျပ်၊ ပဲယင်း(သေး) ၂၃၀၀၀၀ ကျပ်၊ တစ်ပိဿာ စျေးမှာ ပဲယင်း(ကြီး/လတ်) ၃၉၁၇ ကျပ်နှင့် ၃၉၃၃ ကျပ်၊ ပဲယင်း (သေး) ၃၈၃၃ ကျပ်တို့ဖြစ်ပြီး ၊ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ ပဲယင်း(ကြီး/လတ်) ၂၅၈၃ ကျပ်၊ ပဲယင်း (သေး) ၂၄၁၇ ကျပ် နှင့် ၂၅၀၀ ကျပ်တို့ဖြစ်ပေါခဲ့ကြောင်း သိရပါသည်။ ယခုနှစ်စျေးနှင့်ယခင်နှစ် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲယင်းပေါက်စျေးမှာ ပိုမိုရရှိကြောင်းသိရပါသည်။

DOCA(မန္တလေး)