“ဘိလပ်မြေများ အထူးစျေးဖြင့်ရောင်းချ”

Powered by Drupal

  မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား အဆောက်အဦများ ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် ဘိလပ်မြေများ အထူးလျော့စျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။ ထိုသို့ရောင်းချပေးလျှက်ရှိရာတွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာမိတ်ဖက်ဌာနများ ပါဝင်သော ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့မှ ကြီးကြပ်ကွက်ကဲ၍  ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် (၁၇၉၀၀/-) ကျပ်စျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည် ။ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော လူနေအိမ်များအတွက်သာမက သာသနာနိကအဆောက်အဦများ ၊ ဘာသာရေး အဆောက်အဦများအတွက် စိစစ်ရောင်းချပေးလျက်ရှိကြောင်း ၊ မေလ(၄)ရက် နေ့မှ စတင်‌ရောင်းချပေးခဲ့ရာ(၂၂-၆-၂၀၂၅)ရက်နေ့တွင် ဘိလပ်မြေအိတ်ပေါင်း(၂၈၅၅)လုံး ရောင်းချပေးခဲ့ကြောင်း သိရှိရပြီး ဆက်လက်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)