“ပြင်ဦးလွင်မြို့နယ်ထွက်ဂေါ်ရခါးညွန့်”

Powered by Drupal

   ပြင်ဦးလွင်မြို့နယ်အတွင်းမှာ ရာသီဥတု မြေခံရေခံကောင်းတာနှင့်အညီ သစ်သီးသစ်ရွက်များ စွာပေါများသောဒေသတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ယခုအချိန် မိုးရာသီစသည်နှင့်တပြိုင်နက်ထဲ ဆူးပုတ်၊ ဂေါ်ရခါးညွန့်၊ ပျောင်းဖူးများ စတင်စျေးကွက်အတွင်း ရောက်ရှိရောင်းဝယ်နေကြပြီး ကျေးလက်နေပြည်သူများ အိမ်သုံးစရိတ်ကာမိရန်သာမက ငွေပိုငွေလျှံဖြစ် လိုအပ်သောအရာများပါ အနည်းနှင့်အများဝယ်ယူလာနိုင်ကြကြောင်း၊ ဂေါ်ရခါးညွန့်ကို မြေကွက်ကျယ်စိုက်ပျိုးနိုင်မှမဟုတ်ဘဲ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြလျှင်ဖြင့်ပင် အိမ်သုံးစရိတ်ရရှိပါကြောင်း သီရိရတနာစျေး(ညနေပိုင်း) စျေးရောင်းချသူ စျေးသည်တစ်ဦးထံမှသိရှိရပါတယ်။လက်ရှိ ဂေါ်ရခါးညွန့်လက်ဆုပ်တစ်စည်းကို (၃၀၀-၅၅၀)ကျပ်၊လက်ပိုက်အစည်းတစ်စည်းလျှင်(၁၀၀၀/-)ကျပ်ဖြင့် နေ့စဉ် အစည်းရေ(၃၅-၅၀) စည်းအထိရောင်းချနေရပြီး အညွန့်မလိုချင်သော တောင်သူများအနေဖြင့်လည်း အသီးစားခြံငယ်ဖြင့် မိသားစုံတစ်ဖက်တစ်လမ်းမှ ဝင်‌‌ငွေရရှိနေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)