“‌ဂွေးပင်စိုက်ပျိုးခြင်းဖြင့်အပိုဝင်ငွေရ”

Powered by Drupal

    ကျောက်ဆည်ခရိုင်သည် မြေဆီမြေလွှာကောင်းမွန်သော ဒေသတစ်ခုဖြစ်ပြီး ရာသီပေါ်သီးနှံ မျိုးစုံများစိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံဖြစ်သည့် ဂွေးပင်ကိုလည်းစိုက်ပျိုးလျှက်ရှိရာ မိသားစု အပိုဝင်‌ငွေရရှိသည့် ရာသီမရွေးစိုက်ပျိုးပြီး ရာသီမရွေးစားသုံးနိုင်သည့် စျေးကွက်ဝယ်လိုအားရှိသည့် ဂွေးပင်များကို တိုးချဲ့စိုက်ပျိုးလာကြပါသည်။စိုက်ပျိုးမှုအများဆုံးအနေဖြင့် တစ်နှစ်ပတ်လုံးသီးသော ဂွေးပင်အမျိုးအစားကို အများဆုံးစိုက်ပျိုးကြကြောင်း၊ဂွေးပင်(၁)ဧက စိုက်ပျိုးလျှင် အပင်ရေ(၅၀-၆၀) အထိစိုက်ပျိုးနိုင်ကြောင်း၊ ဂွေးပင်ဝယ်ယူစိုက်ပျိုးလျှင် ပျိုးပင်အနေဖြင့် တစ်ပင်လျှင် အပင်အရွယ် အစားပေါ်မူတည်ပြီး(၂၀၀၀-၄၅၀၀)ကျပ်အထိရှိပြီး ဂွေးပင်စိုက်ပျိုးမှု (၁)ဧကကုန်ကျစရိတ်အနေဖြင့် မိသားစုလုပ်အားမပါ(၇၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ အများဆုံးစိုက်ပျိုးသော ရွာများမှာ ပင်တလယ်ရွာ၊ကျောက်ခုံရွာနှင့်ပေါင်လောင်ရွာများတွင် စိုက်ပျိုးကြပြီး (၁)ဧက ဂွေးသီးအထွက်နှုန်း အနေဖြင့် တစ်ပင်လျှင် ဂွေးသီး(၃၀၀)လုံးခန့်သီးကြောင်း ၊ အလုံးပေါင်း(၁၅၀၀)ခန့်အထိသီးကြောင်း၊ တစ်လုံးလျှင် ပျမ်းမျှစျေး(၃၀/-)ကျပ်ခန့်ရောင်းရကြောင်း၊ရာသီချိန်ပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊စျေးကွက်အနေဖြင့် အချဉ်ပေါင်းရောင်းသူများမှ ခြံထဲအထိလာရောက်ဝယ်ယူ ကြပြီး ပွဲစားများမှတဆင့် ကုန်စိမ်းရောင်းချသူများထံသို့ ပြန်လည်ရောင်းချကြကြောင်းသိရှိရပါသည်။ နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံးဝင်ငွေရရှိပြီး အကျိုးအမြတ်များရရှိကြောင်း၊ ဂွေးသီးပင် ခြံပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)