
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ရာသီပေါ်သီးနှံများ စိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံများအား စိုက်ပျိုးလျှက်ရှိပါသည်။ ၄င်းသီးနှံများအနက် သရက်ပင်များကို ကျောက်ဆည်၊ စဉ့်ကိုင်၊မြစ်သားမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးများမှာ စိန်တလုံး သရက်မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး အခြားမျိုးများဖြစ်သောမစောရင်၊ရင်ကွဲ၊ပတ္တမြားငမောက် မျိုးများကိုလည်း စိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် ကျောက်ဆည်ခရိုင်အတွင်း၌ စိန်တလုံး သရက်သီးများထွက်ရှိမှု မရှိတော့ကြောင်း ၊ ယခုလက်ရှိ စျေးကွက်အတွင်းသို့ တောင်ကြီး ၊ ကလော ဘက်မှထွက်သော စိန်တလုံးသရက်သီးများသာရှိကြောင်း ၊ ဟံမြင့်မိုရ်ကားလမ်းဘေးရှိ သရက်သီး အရောင်းဆိုင်များတွင် အများဆုံးရောင်းချနေသော သရက်သီးများမှာ ပတ္တမြားငမောက်၊ ရွှေဟင်္သာ၊ မစောရင်၊ R2E2 အသီများနှင့် စိန်တလုံးသရက်သီးများ ရောင်းချလျှက်ရှိရာ ပတ္တမြားငမောက် အကြီးတစ်လုံးလျှင်(၁၅၀၀/-)ကျပ်၊ ရွှေဟင်္သာတစ်လုံးလျှင်(၅၀၀၈၀၀)ကျပ်၊ မစောရင်သီးတစ်လုံးလျှင်(၅၀၀-၆၀၀)ကျပ်၊ စိန်တစ်လုံးသီးတစ်လုံးလျှင်(၁၅၀၀-၁၆၀၀)ကျပ်၊ R2E2 တစ်လုံးလျှင်(၁၀၀၀-၁၅၀၀)ကျပ် စျေးနှုန်းဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း ၊စိန်တလုံးသရက်သီးမှာ မြေဆီမြေနှစ်ကွာခြားသောကြောင့် ဒေသထွက်စိန်တလုံးသရက်သီးလောက် လေးနက်ချိုမြိန်မှုနည်းကြောင်း၊သရက်သီးကို ခရီးသွားများမှာအိမ်အပြန် လက်ဆောင်အနေဖြင့် ဝင်ရောက်ဝယ်ယူကြသောကြောင့် အရောင်းအဝယ်သွက်လျှက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)