“ခရမ်းချဉ်သီးစျေးနှုန်းစျေးကွက်”

Powered by Drupal

   မြန်မာနိုင်ငံသည် နွေ၊မိုး၊ဆောင်း ဥတုသုံးပါးညီမျှခြင်းကြောင့် ဒေသမရွေး သီးပင်၊ စားပင်များအား စိုက်ပျိုးဖြစ်ထွန်းကြပါသည်။ ၎င်းသီးနှံများအနက် ခရမ်းချဉ်သီးကို ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးလျှက်ရှိရာ ယခုအခါ မြို့နယ်အတွင်း ခရမ်းချဉ်သီးများမှာ ထွက်ရှိမှုမရှိသောကြောင့် ခရမ်းချဉ်သီးစျေးနှုန်းများမြှင့်တက်လျက်ရှိပါသည်။ အောင်ပန်း၊အင်းလေးမှ ထွက်ရှိသော ခရမ်းချဉ်သီးများ မြစ်သားမြို့နယ်အတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လျှက်ရှိကြောင်း၊ ယခု ဇွန်လတတိယပတ်တွင် ခရမ်းချဉ်သီးစျေးနှုန်းတို့မှာ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီး (၁၀) ပိဿာလျှင် (၂၈၀၀/-) ၊ အင်းလေးဒေသထွက် ခရမ်းချဉ်သီး (၁၀) ပိဿာလျှင် (၃၆၅၀၀/-) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ၊ ခရမ်းချဉ်သီး ဈေးကွက်အတွင်း ဝင်ရောက်မှုအနေဖြင့် အောင်ပန်း၊ အင်းလေးမြို့များမှဝင်ရောက်ရာတွင် သယ်ယူစရိတ်များပြားခြင်းနှင့် ဝင်ရောက်မှုနည်းခြင်းတို့ကြောင့် ခရမ်းချဉ်သီး ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ခရမ်းချဉ်သီးရောင်းချသည့် စျေးသည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)