ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ငါး ဈေးနှုန်းများ

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်း စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယအပတ်တွင် ကျွန်းလှမြို့၏ ငါးကြင်း ဈေးနှုန်းများ အနေဖြင့် ငါးကြင်း(အကောင်အကြီး)လက္ကားဈေး(၁)ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ လက်လီ ဈေး(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ် နှင့် ငါးကြင်းခုတ်သား လက္ကား(၁) ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ လက်လီ(၁) ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချကြောင်း နှင့် ငါးချောင်း ဈေးနှုန်းများ အနေဖြင့် ငါးချောင်း(အကြီး) ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀) ကျပ်သားအထက် လက္ကား တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ငါးချောင်း(အလတ်)နှင့်(အသေး)လက္ကားတစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊လက်လီ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရ ပါသည်။

Doca(စစ်ကိုင်း)