ကျွန်းလှမြို့တွင် ရောင်းချနေသော ထန်းဖိုထန်းလျက်အစစ် နှင့် ရိုးရိုးထန်းလျှက် ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် သကြားခွေများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ထန်ဖို ထန်းလျက် အစစ် လက္ကားဈေး (၁)ပိဿာလျှင်(၉၀၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀၀) ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် ရိုးရိုးထန်းလျက် လက္ကားဈေး တစ်ပိဿာလျှင်(၇၈၀၀)ကျပ်၊ လက်လီဈေး (၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချ နေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)