မြိတ်မြို့ပေါ်ရှိသင်္ဘောသီးဈေးနှုန်း

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်တွင် ရာသီပေါ်ခြံထွက်သီးနှံများနှင့် စားသောက်ကုန်များ၊ ရေထွက်ပစ္စည်းများကို အများအပြား စိုက်ပျိုးရောင်းဝယ်လျက်ရှိသည်။ မိုးရာသီတွင် အများအပြားထွက်ရှိသော သင်္ဘောသီးများလည်း ယခုအခါအရောင်းအဝယ် ကောင်းလျက်ရှိကြောင်း သိရပါသည်။ သင်္ဘောသီးသုပ်၊ သင်္ဘောသီးဖျော်ရည်နှင့် အိမ်ရှင်မတို့ အကြိုက်ဟင်းလျာများတွင် အများအပြားထည့်သွင်းအသုံးပြုကြသော အဖိုးတန်သစ်သီးတစ်မျိုးဖြစ်ပါသည်။ သင်္ဘောသီးအစိမ်းမှာ သွေးကျဲစေသောဓာတ်တစ်မျိုးပါရှိပြီး အမှည့်မှာ မျက်စိအမြင်အာရုံအားကောင်းစေပါသည်။

     မြိတ်ဒေသမှထွက်ရှိသော သင်္ဘောသီးများကို မြို့ပေါ်ရှိစျေးများတွင် အစိမ်းတစ်လုံး (၁၂၀၀) ကျပ်နှင့် အမှည့်တစ်လုံးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)