အင်ဥ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

  အင်ဥဆိုသည်မှာ အင်ပင်များ၏အောက်ခြေတွင် အင်ပင်အမြစ်တွေနဲ့ ဆက်စပ်နေတဲ့ မှိုတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။ အင်ဥထွက်ပေါ်ချိန်မှာ မိုးဦးကာလ(မေလ၊ဇွန်လ)များတွင် အင်ဥများပေါများစွာ ထွက်ပေါ်ကြောင်း၊ တစ်နှစ်လျှင် တစ်ကြိမ်သာ ထွက်ပေါ်ကြောင်း၊ အင်ဥမှာ မှိုမျိုးနွယ်ဝင် မြေအောင်းမှိုတစ်မျိုးဖြစ်သောကြောင့် မှိုများကဲ့သို့ပင် ကျန်းမာရေးအတွက် အထောက် အကူဖြစ်စေသည့် အာဟာရဓာတ်များ ပါဝင်ကြောင်း၊ အင်ဥတွင် အသားဓာတ်၊ အမျှင်ဓာတ် Antioxidants များ ပါဝင်ကြောင်း သိရှိရသည်။ အင်ဥတွင် အခွံအမည်း(သို့မဟုတ်)အညိုရောင်ရှိပြီး တူးဖော်ပြီးနောက် အင်ဥတွင်ကပ်နေသည့် ဖုန်သဲခဲများသန့်စင်ရာတွင် သေချာစွာဂရုတစိုက်  ပွတ်သပ်ဆေးကြောမှသာ အင်ဥလေးများကွဲအက်ခြင်း မဖြစ်ပေါ်မည်ဖြစ်ပါကြောင်းသိရှိရသည်။ ချက်ပြုတ်ရာတွင်လည်း ဦးစွာရေစိမ်ထားရပြီး အင်ဥတစ်လုံးချင်းစီကို ရေနှင့်(၄-၅)ကြိမ်ခန့် ဂရုတ စိုက်ပွတ်သပ်ဆေးကြောရကြောင်း၊ ရေဆေးပြီးအင်ဥများကို ထက်ခြမ်းခွဲကာ ရေနွေးနှင့်ထပ်မံပြုတ် ၍ ရေစစ်ထားပြီးမှသာ သန့်စင်စွာချက်ပြုတ်စားသောက်သင့်ကြောင်း သိရှိရသည်။

   မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ၂၀၂၅ခုနှစ်၊ ဇွန်လနောက်ဆုံးပတ်တွင် အင်ဥ(၁၀)ကျပ် သားလျှင်(၄၅၀၀-၅၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဒေသတွင်းရောင်းချလျက်ရှိ သောအင်ဥများကို ကောလင်း၊ ဝန်းသိုမြို့တို့မှ မှာယူရောင်းချကြောင်းနှင့် လူကြိုက်များ၊ စားသုံး သူများပြားသကဲ့သို့ စားသောက်ဆိုင်များမှ ဝယ်ယူသုံးစွဲမှု များပြားကြောင်း သိရှိရသည်။

DOCA(မန္တလေး)