
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီမှဦးဆောင်၍ (၂၄.၆.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်တွင် ဇလွန်မြို့၊လမ်းမတော် (တောင်) ရပ်ကွက်၊ ဆွမ်းလောင်းဓမ္မာရုံတွင် အခြေခံစားသောက်ကုန် ဆန်၊ဆီ၊ ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိပါသည်။ ဇလွန် မြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ ဆန်၊ ကြက်ဥနှင့် စားအုန်းဆီ များ ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် ကြက်ဥ တစ်လုံးလျှင် ၃၃၀/- ကျပ်ဖြင့် အလုံးရေ ၁၀၀၀ ကို လည်းကောင်း၊ စားအုန်းဆီ (၅၀ ကျပ်သား) ဘူးခွံအပါ တစ်ဗူးလျှင် ၃၅၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၁၀)နှင့် ဆင်းသုခ ဆန်တစ် ပြည်လျှင် ၂၀၀၀/- ကျပ် တစ်ဦးလျှင် (၂)ပြည်နှုန်းဖြင့် ဆန်(၈)အိတ် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ဆန်၊ ကြက်ဥနှင့် စားအုန်းဆီများကို ပြည်သူများ ဈေးနှုန်းသက်သာစွာနှင့် အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA( ဧရာဝတီ)