မအူပင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးမှု အခြေအနေ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီချိန်တွင် မိုးစပါးစိုက်ဧက ၆၁၁၄၀၉ စိုက်ပျိုးရန်လျာထားရာ လက်ရှိအချိန်တွင် မိုးစပါးစိုက်ဧက ၆၁၁၇၀၀ စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ၂၉၁ ဧကကို ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မအူပင်ခရိုင်အောက်ရှိ မြို့နယ်ဒေသတွင်း ဝမ်းစာဖူလုံရေးနှင့် စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူများအား နှစ်စဥ်မျိုးကောင်းမျိုးသန့် များကို သက်ဆိုင်ရာဌာနကပံ့ပိုးပေးခြင်း၊ စံပြစိုက်ကွက်များ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရန် နည်းပညာဖော်ဆောင်ပေးခြင်း ၊ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် ဓာတ်မြေသြဇာများ အချိုးကျ အချိန်ကိုက်ထည့်သွင်းနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သွင်းအားစု ဓာတ်မြေသြဇာများကို သက်သာသော စျေးနှုန်းဖြင့် တောင်သူများအား ဖြန့်ဖြူးပေးခြင်း၊ ထောက်ပံ့ပေးခြင်းများ၊ စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းနည်းပညာပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် စိုက်ပျိုးနည်းပညာများ လက်တွေ့ကွင်းသရုပ်ပြသပေးခြင်း လုပ်ငန်းများ၊ စံပြလယ်ဧကများကို လက်တွေ့ မျိုးစပါးကျဲပတ်ခြင်း ကို တောင်သူများနှင့် တွေ့ဆုံ၍ ခရိုင်စိုက်တိုးမြှင့်အဖွဲ့ကလည်း မြေပြင်ကွင်းဆင်းအသိ ပညာပေးခြင်း၊ ထောက်ပံ့ခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မအူပင်ခရိုင်တွင် မိုးစပါးများစိုက်ပျိုးရာ၌ မိုးရေးကို အဓိကထား ရေမြောင်းများခံ အသုံးပြု၍ စိုက်ပျိုးပြီး ပျိုးထောင်စိုက်ပျိုးခြင်း (၃၄၅၉၀) ဧက၊ မျိုးစေ့ကျဲ စိုက်ခင်း (၅၇၀၀၀၀) ဧက၊ ဘောင်ပျိုးခင်း (၇၁၁၀) ဧက၊ ၊ စုစုပေါင်း ၆၁၁၇၀၀ ဧကကို စိုက်ပျိုးနိုင်ထားပြီး အရည်အသွေးကောင်း စပါးမျိုးဖြစ်သည့် ကရင်မ၊ ရက် ၉၀၊ GW- 11 ၊ ဆင်းသုခ(Rs)မျိုးစပါး၊ မနောသုခ၊ ရတနာတိုး၊ ဧည့်မထ စပါးများ ကိုစိုက်ပျိုးပြီး တောင်သူများက စပါးကို အဓိကထားကြိုပမ်းစိုက်ပျိုးကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)