ဈေးကွက်အတွင်း ဈေးကောင်းရရှိနေသော နံနံပင်ဈေးကွက်အကြောင်း

Powered by Drupal

ဈေးကွက်အတွင်း ဈေးကောင်းရရှိနေသော နံနံပင်ဈေးကွက်အကြောင်းမြန်မာပြည်တွင် အထင်ရှားဆုံးဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ ကိုလည်း ဟင်းခပ် မဆလာတွင်သုံးနိုင်သည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုတ်စုံတို့တွင် လည်း တွဲဖက်အသုံးပြုသည်။ နံနံပင်ကို တို့စရာအဖြစ်လည်း စားသုံးကြသည်။ နံနံပင်သည် ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှားပါးကာ ဈေးကြီးပေးရသည်။
ပုသိမ်မြို့တွင်ယခုမိုးရာသီတွင် မိုးရာသီကာလဖြစ်သည့်အတွက် နံနံပင်ဈေးနှုန်းမှာ ဈေးကွက် အတွင်း တစ်ဆယ်သားလျှင် (၂၀၀၀) ကျပ်အထိရှိကြောင်းရောင်းချသူထံမှ သတင်းရရှိ လျက်ရှိ ပါသည်။
DOCA(ဧရာဝတီ)