
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ ဈေးများတွင် မိုးရာသီကာလတွင် အထွက်များ သော ဂျော့ပုစွန် (ခ) ရေချိုပုစွန်သည် မိုးဦးကာလတွင်ပေါပေါများများထွက်ရှိပါသည်။ ဂျော့ပုစွန် ကိုတစ်ချို့မှာ ပုစွန်ငံပြာရည်ကြော်စားကျသလို၊ တချို့မှာမျှစ်၊ ချဉ်ပေါင်ရွက်တို့ဖြင့်ရော၍ လည်းကောင်း ၊ မိုးဦးကာလ ရာသီပေါ်စာဖြစ်သော သခွားသီး သုပ်စားရာတွင်လည်းကောင်း မိမိကြိုက်နှစ်သလို ချက်ပြုတ်စား သောက်ကြသည်။
ယနေ့ ပုသိမ်မြို့ပေါ်ရှိ ဈေးများတွင် ရေချိုပုစွန် (ခ) ဂျော့ပုစွန် ၁၀ ကျပ်သားလျှင် ၂၅၀၀-၃၀၀၀ ကျပ်အထိရှိကြောင်း ရောင်းချသူများထံမှသိရှိရပါသည်။
DOCA(ဧရာဝတီ)