မိုးစပါးစိုက်ပျိုးပြီးစီးမှု့၊ ဈေးနှုန်းဈေးကွက်နှင့် အကျိုးအမြတ်ရရှိမှု

Powered by Drupal

     ယခုအချိန်သည် မိုးစပါးများစိုက်ပျိုးသောရာသီဖြစ်သည့်အတွက် ပြည်ခရိုင်အတွင်းတွင် ပြည်မြို့တွင် စိုက်ဧက ၁၁၅၂၊ ရွှေတောင်မြို့နယ်တွင် ၈၉၇ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၅၂၁ဧက၊ ပန်းတောင်းမြို့နယ်တွင် ၄၇၇ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ မိုးစပါးအဟောင်းမှာ ဈေးဖွင့်ထား သော်လည်း ၂၀၂၅ခုနှစ် အောက်တိုဘာလတွင်ထွက်ရှိသော စပါးအမျိုးအစားမှာ လက်ကျန် နည်းနေသော်လည်း ဈေးနှုန်းအနေဖြင့် (၄၆)ပေါင်တင်း(၁၀၀)လျှင် (၁၆)သိန်းဈေးဖွင့်ထားရှိပြီး အရောင်းအဝယ်မရှိပါ။ ၂၀၂၅ခုနှစ်တွင်ထွက်ပေါ်သော နွေစပါးဈေးမှာ (၄၆)ပေါင်တင်း(၁၀၀)လျှင် (၁၂)သိန်းကျပ်ဖြင့် ဈေးငြိမ်အရောင်းအဝယ်ရှိနေပါသည်။ ဆန်ဈေးနှုန်းများမှာ အင်းမရဲဘော် အသစ် တစ်အိတ်လျှင် ၆၃၀၀၀ကျပ်၊ အင်းမစူပါတစ်အိတ်လျှင် ၆၅၀၀၀ကျပ်၊ မနောသုခတစ်အိတ်လျှင် ၅၄၀၀၀ကျပ်၊ ဆင်းသွယ်အသစ်တစ်အိတ်လျှင် ၅၃၀၀၀ကျပ်၊ ရိုးနီအသစ်တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ ရတနာတိုးတစ်အိတ်လျှင် ၅၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နှစ်က မိုးစပါးတစ်ဧကကုန်ကျစရိတ်မှာ (၈)သိန်းကျော်ကုန်ကျပြီး၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (၄)သိန်းကျော်အမြတ်ရရှိပါသည်။ ယခုနှစ်တွင် မိုးစပါးကုန်ကျစရိတ် ခန့်မှန်းအနေဖြင့် (၉)သိန်း ကျော်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် (၁၅၀၀၀၀)ကျပ်သာရရှိနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)