
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ဆန်စပါးစိုက်ဧကနည်းပြီး ဆန်လိုအပ်သောဒေသတစ်ခုဖြစ်၍ အခြားတိုင်းဒေသကြီးများမှ ဆန်တင်သွင်းရသော မြို့ကြီးတစ်မြို့လည်းဖြစ်ပါသည်။ ပခုက္ကူမြို့သို့ ဆန်တင်သွင်းသောဒေသများမှာ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘို၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကုန်းဇောင်းဒေသများမှ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိ ပါသည်။
ပခုက္ကူမြို့၏ လူအများဆုံး စားသုံးသောဆန်များမှာ ဧရာပဒေသာ(မြောင်းမြ)၊ ဧရာပဒေ သာ(စလင်း)၊ အမေ့နို့ရည်၊ ကုန်းဇောင်း၊ မနောသုခ၊ ဖန်သီး(ရှယ်)တို့မှာ လူကြိုက် အများဆုံး ဆန်များဖြစ်ပါသည်။ ယခင်က ပခုက္ကူခရိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီးမှ ရေလမ်းခရီးဖြင့် နေ့စဉ် ဆန်ဝင်ရောက်မှုမှာ တစ်နေ့လျှင် အိတ်ရေ(၁၂၀၀၀)ဝင်ရောက်လျက်ရှိပြီး ယခုအချိန် တွင် တစ်ပတ်လျှင် အိတ်ရေ(၁၂၀၀၀-၁၃၀၀၀)၊ စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်ရက်လျှင် အိတ်ရေ (၁၀၀၀) ဝင်ရောက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်ပတ်လျှင် အိတ်ရေ (၈၀၀ မှ ၁၂၀၀ ထိ)ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
ပခုက္ကူမြို့၏ ဆန်ဈေးနှုန်းအနေဖြင့် ဧရာပဒေသာ(မြောင်းမြ)ဟောင်း တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ ကုန်းဇောင်း တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ဖန်သီး(ရှယ်)တစ်အိတ်လျှင် ကျပ် (၉၄၀၀၀)၊ မနောသုခ တစ်အိတ်လျှင် ကျပ်(၈၇၀၀၀)၊ ရက်(၉၀)တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ဝန်ကြီးဧရာပဒေသာ တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ အုန်းသျှစ်ကြီး တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ သီးထပ်(ရှယ်)တစ်အိတ်လျှင် ကျပ်(၉၉၀၀၀)၊ အမေ့နို့ရည်တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)