
တနင်္သာရီတိုင်းဒေသကြီးတွင် တောတောင်ပေါများသည့်အတွက် သဘာဝအတိုင်း ကြိမ်ပင်များပေါက်ရောက်လျက်ရှိပါသည်။ ယခုမိုးဦးကျအချိန်တွင် အဆိုပါကြိမ်ပင်များမှ ကြိမ်သီးများစတင် ထွက်ရှိလာရာ အဆိုပါတောတောင်များမှ ကြိမ်သီးများကို ဒေသခံများခူးယူလာ၍ မြို့ပေါ်ကြိမ်သီး အဝယ်ဒိုင်များမှ ယခင်ကြိမ်သီးပေါ်စ တစ်ပိဿာ ၃၀၀၀ိ/- ကျပ်၊ ယခုအခါ ကြိမ်သီးများလှိုင်လှိုင် ပေါ်လာပြီဖြစ်သဖြင့် တစ်ပိဿာ ၁၅၀၀ိ/- ကျပ်နှုန်းဖြင့် ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ကြိမ်သီးများအား ရေဆေး၊ ကြိတ်ခွဲစက်ဖြင့်အပေါ်အခွံများခွာပြီး အထဲမှအဆံများအား လူဖြင့်ရွေးထုတ်ကာ ရေဆေး၊ နေလှမ်းအခြောက်ခံပြီး မန္တလေး၊ တရုတ် ကုန်သည်များမှ တစ်ပိဿာ ၉၀၀၀ိ/- ကျပ် စျေးဖြင့် ဝယ်ယူလျက်ရှိကြောင်းနှင့် ကြိမ်သီးအကြမ်း ၁၀ ပိဿာကြိတ်ခွဲလျှင် ကြိမ်သီးအဆံ (၃) ပိဿာ ခန့် ရရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)