အင်းစိန်ဈေးရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ အင်းစိန်ဈေးအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း/ဆန်ချော အမျိုးအစားများအလိုက် ဇွန်လနောက်ဆုံးပတ်တွင် ငစိန်တစ်ပြည်လျှင် ကျပ် ၃၀၀၀ မှ ၃၂၀၀၊ ဧည့်မထတစ်ပြည်လျှင် ကျပ် ၃၃၀၀ မှ ၃၄၀၀၊ ဇီယာ တစ်ပြည်လျှင် ကျပ် ၃၆၀၀ မှ ၃၇၀၀၊ မနောသုခတစ်ပြည်လျှင်ကျပ် ၄၁၀၀ မှ ၄၃၀၀၊ ပေါ်ကျွဲ တစ်ပြည်လျှင် ကျပ် ၄၇၀၀ မှ ၄၈၀၀၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၅၀၀ မှ ၅၇၀၀၊ ရွှေဘိုပေါ် ဆန်းမွှေးတစ်ပြည်လျှင် ကျပ် ၆၅၀၀ မှ ၆၇၀၀ လည်းကောင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    စားဖိုးဆောင်စားသောက်ကုန်များတွင် ပဲဆီတစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀၊ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၂,၅၀၀၊ ကြက်သွန်ဖြူ(ဥတစ်လုံး)တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာလျှင် ကျပ် ၁,၄၀၀၀၊ အာလူးတစ်ပိဿာလျှင် ကျပ် ၄,၅၀၀၊ မန်ကျည်းသီး မှည့်တစ်ပိဿာလျှင် ကျပ် ၁၂,၀၀၀၊ ချင်းတစ်ပိဿာလျှင် ကျပ် ၇,၀၀၀ မှ ၈,၀၀၀၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆၄၈၅တို့ဖြစ်ပြီး၊ အသား/ငါးဈေးနှုန်းများမှာ မွေးမြူရေးကြက်တစ်ပိဿာ ကျပ် ၂၀,၀၀၀၊ မြန်မာကြက်တစ်ပိဿာကျပ် ၃၈,၀၀၀၊ ဝက်သားတစ်ပိဿာကျပ် ၃၅,၀၀၀၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် ၄၅,၀၀၀၊ ဘဲသားတစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀၊ ငါးကြင်းတစ်ပိဿာကျပ် ၂၂,၀၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်ကျပ် ၁၆,၀၀၀၊ ပုစွန်ထုပ်(ကြီး)တစ်ပိဿာကျပ် ၅၀,၀၀၀၊ ပုစွန်ကြော့တစ်ပိဿာကျပ် ၃၀,၀၀၀၊ ကြက်ဥတစ်လုံးလျှင် ကျပ် ၃၇၀၊ ဘဲဥတစ်လုံးလျှင် ကျပ် ၅၅၀ တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဟင်းသီးဟင်းရွက်များကို တညင်းကုန်းလက်ကားကြီးနှင့်သီရိမင်္ဂလာဈေးတို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     စားအုန်းဆီမှ ရည်ညွှန်းဈေးကျပ် ၆၀၆၀ အပေါ် အခြေခံရောင်းချရ၍ ဈေးနှုန်းထပ်မံကျဆင်း ပြီး အခြေခံစားကုန်နှင့်အသားငါးတို့မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိရာ ဇွန်လ (၃၀)ရက်အတွက် ဈေးကွက်စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)