
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါးလျာထားဧကအနေဖြင့် (၁၅၃၆၁၀)ဧကဖြစ်ပြီး ဇွန်လ စတုတ္ထပတ်အထိ ဆက်လက် စိုက်ပျိုးလျက်ရှိရာ (၁၃၁၄၇၇)ဧကအထိ စိုက်ပျိုးပြီးကြောင်း မြို့နယ်စာရင်းဦးစီးမှ သိရှိရသည်။
သုံးခွမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ဆန်စပါးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရုံသာမက ပြည်ပသို့တင်ပို့နိုင်စေရေးအတွက် သက်ဆိုင်ရာဌာနများ အနေဖြင့် ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိစေရေး၊ အထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေး၊ ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲတတ်စေရေးနှင့် ပိုးမွှားရောဂါကျရောက်မှု ကင်းရှင်းစေရေး တို့အတွက် တောင်သူများအား အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း ဇွန်လစတုတ္ထပတ် အထိ စိုက်ပျိုးမှုအနေဖြင့် တိုက်ရိုက်အစေ့ချ (seeder)စနစ်ဖြင့် (၁၈၉၅၃)ဧက၊ ကြဲပတ်ဧက (၁၁၂၂၄၉)ဧကနှင့် စိုက်ခင်းဧက (၂၇၅)ဧကဖြစ်ကြောင်း စုစုပေါင်း မိုးစပါးဧကမှာ (၁၃၁၄၇၇) ဧကဖြစ်၍ ရာခိုင်နှုန်းအားဖြင့် (၈၅.၅၉)ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)