
ဇွန်လ လကုန်သုံးခွမြို့နယ်၌ အခြေခံစားကုန်များဖြစ်သော အသား/ငါး ဈေးနှုန်းများအနေဖြင့် အသားဈေးနှုန်းများဖြစ်သော ဗမာကြက် တစ်ပိဿာလျှင် (၂၈၀၀၀-၃၀၀၀၀)ကျပ်၊ အသားတိုး (CP)ကြက်တစ်ပိဿာလျှင် (၁၅၀၀၀-၂၀၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၂၈၀၀၀-၃၀၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၂၃၀၀၀-၂၅၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၃၀၀၀၀-၃၅၀၀၀)ကျပ်ဖြင့် ဈေးနှုန်းဖြစ်ပေါ်လျက်ရှိပြီး၊ ငါးဈေးနှုန်း အနေဖြင့် ငါးကြင်းဖြူ တစ်ပိဿာလျှင် အကောင်ကြီး၊ အသေးပေါ်မူတည်၍ (၁၈၀၀၀-၂၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပင်လယ်ငါး( ငါးပုတ်သင်) တစ်ပိဿာလျှင် ငါးအရွယ်စုံအလိုက် (၁၂၀၀၀မှ ၁၅၀၀၀)ကျပ်ထိ၊ ငါးတန် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ဖြင့် သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
အသား၊ ငါးဈေးနှုန်းများ အနေဖြင့် ယခင် အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိကြောင်း၊ အဆိုပါ ငါးများအား ရန်ကုန်ရွှေပိတောက်ငါးဈေးမှ ဝယ်ယူရောင်းချကြောင်း အသားများကိုမူ ဒေသတွင်းမှ ကုန်ကြမ်းရရှိ၍ ရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)