မကွေးဈေးကွက်အတွင်းဖြစ်ပေါ်နေသော ကုလားပဲ၊ ပဲစဉ်းငုံ၊ မတ်ပဲနှင့် ပဲကြီးဈေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အနီးပတ်ဝန်းကျင်ရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက်စသည့်ကျေးရွာများ၊ နတ်မောက်၊ တောင်တွင်းကြီး၊ မြို့သစ်မြို့နှင့် မြစ်အနောက်ဘက်ကမ်းရှိ စလင်း၊ ဆင်ဖြူကျွန်းတို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲ၊ ကုလားပဲနှင့် နှမ်းသီးနှံများ မကွေးဈေးကွက်သို့ နေ့စဉ် ဝင်ရောက် အရောင်းအဝယ်ဖြစ် လျက်ရှိ ကြောင်း သိရသည်။

ကုလားပဲ

          မကွေးဈေးကွက်၌ မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဈေးနှုန်း အနေဖြင့် ဇွန်လ(စတုတ္ထပတ်)တွင် ကုလားပဲ(ဟော်လန်)(၁)တင်းလျှင် ကျပ်(၈၅၅၀၀)၊ ကုလားပဲ (929)(၁)တင်းလျှင် ကျပ်(၈၆၄၀၀)ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တစ် လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် တစ်လအတွင်း မကွေးမြို့မှရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ(၃၀၀၀)၊ မန္တလေးမြို့သို့ အိတ်ရေ (၂၀၀၀)၊ ပဲခူးမြို့သို့အိတ်ရေ(၅၀၀)တင်ပို့ပြီး တန်ချိန်(၅၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရ သည်။

ပဲစဉ်းငုံ

     ၂၀၂၅ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၈၆၄၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရ သည်။ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများသို့ တင်ပို့လျက်ရှိကြောင်း၊ တစ်လ အတွင်း မကွေးမြို့မှရန်ကုန်မြို့သို့ ပဲစဉ်းငုံအိတ်ရေ(၂၀၀၀)တင်ပို့ပြီး တန်ချိန်(၂၀၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

မတ်ပဲ

     ၂၀၂၅ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၀၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တစ်လအတွင်း မကွေးမြို့မှရန်ကုန်မြို့သို့ မတ်ပဲအိတ်ရေ(၃၀၀၀)တင်ပို့ပြီး တန်ချိန်(၁၂၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲကြီး

          ၂၀၂၅ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် ပဲကြီး(၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ကျပ်(၅၀၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် တစ်လအတွင်း မကွေးမြို့မှမန္တလေးမြို့သို့ ပဲကြီးအိတ်ရေ(၂၀၀၀) တင်ပို့ပြီး တန်ချိန်(၁၂၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(မကွေး)