
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြေပဲဆီ ကြိတ်ခွဲထုတ်လုပ်မှုများတွင် မြေပဲဆံ ကုန်ကြမ်းရရှိမှုအား လယ်ဝေးမြို့နယ်မှ အများဆုံး ရရှိနေသည်ဟု သိရှိရပါသည်။ ဒေသတွင်း မြေပဲထွက်ရှိချိန် ဇူလိုင်လကုန်ခန့်တွင် ထွက်ရှိမည်ဖြစ်သဖြင့် မြေပဲဆံကုန်ကြမ်း လိုအပ်ချက် အနည်းငယ်ရှိမည်ဟု သိရှိရပါသည်။ မြေပဲဆံဈေးနှုန်းတစ်ပိဿာ (၅၀၀)ကျပ် မြင့်တက်မှုရှိလာ သည်ကို သိရှိရပါသည်။ ဒေသတွင်း ကြိတ်ခွဲမှု ဒေသတွင်း ဈေးကွက်တွင်သာ ဖြန့်ဖြူးမှုရှိပါသည်။ ဒေသတွင်း ဈေးကွက်လိုအပ်ချက် ပမာဏသာ ကြိတ်ခွဲထုတ်လုပ်မှု အခြေအနေ တွေ့ရှိရပြီး၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ မြေပဲဆီ ဝင်ရောက်မှုရှိနေသည်ကို တွေ့ရပါသည်။ မြေပဲ(ဆီဆံ) ဈေးနှုန်း တစ်ပိဿာ (၉၅၀၀)ကျပ် ရှိခဲ့ပြီး၊ မြေပဲဆီဈေးနှုန်းတွင် (၂၀၀၀၀)ကျပ် ဈေးနှုန်းရှိလာသည်ကို တွေ့ရပါသည်။ လယ်ဝေးနှင့် တပ်ကုန်းမြို့ရှိ ဆီစက်အချို့တွင် (၁၉၀၀၀) ကျပ်ဖြင့် ရောင်းချမှုရှိနေသည်ကို တွေ့ရှိရပါသည်။
ဆီကြိတ်ဖတ်ဈေးကွက် ရန်ကုန်သို့ တင်ပို့မှုနှင့် ဒေသတွင်း သုံးစွဲမှုအနေအထားကို တွေ့ရှိရပါသည်။ ဆီကြိတ်ဖတ်ဈေးနှုန်း နိမ့်ကျခဲ့မှုကို တွေ့ရှိရပါသည်။ မြေပဲဖတ်ဈေးနှုန်းတွင် (၄၇၀၀) ကျပ်မှ (၄၄၀၀)ကျပ်သို့ လျော့ကျမှုနှင့် နှမ်းဖတ်တွင် (၃၇၀၀)ကျပ်မှ (၃၅၀၀)ကျပ်သို့ နိမ့်ကျမှုရှိလာကြောင်း သိရှိရပါသည်။
DOCA(နေပြည်တော်)