ပြည်ကုန်စည်ဒိုင်၏နှစ်အလိုက်ဇူလှိုင်လဆန်းရက်များ၏ ပဲမျိုးစုံဈေးနှုန်း

Powered by Drupal

ပြည်ကုန်စည်ဒိုင်သည် လမ်းပန်းဆက်သွယ်ရေးအချက်အခြာကျသော ပြည်မြို့တွင် တည်ရှိ သောကြောင့် အရောင်းအဝယ်မှာသွက်လျှက်ရှိပါသည်။
မတ်ပဲ
ပြည်ကုန်စည်ဒိုင်တွင် ၂၀၂၁ခုနှစ် ဇူလိုင်လဆန်းရက်များ၏ အရောင်းအဝယ်ဖြစ်သော မတ်ပဲတစ်တင်းဈေးမှာ ၃၄၀၀၀ကျပ်၊ ၂၀၂၂ခုနှစ်တွင် မတ်ပဲတစ်တင်းကို ၅၃၀၀၀ကျပ်၊ ၂၀၂၃ခုနှစ် တွင် မတ်ပဲတစ်တင်းကို ၇၇၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၄ခုနှစ် ဇူလိုင်လဆန်းရက်မှာ မတ်ပဲတစ်တင်းကို ၁၀၇၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ၂၀၂၅ခုနှစ် ဇူလိုင်လဆန်းပိုင်းမှာ မတ်ပဲတစ်တင်းကို ၉၇၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ရှိခဲ့ပါသည်။ ဈေးနှုန်းများကိုကြည့်လျှင် ၂၀၂၄ဇူလှိုင်ပထမပတ်ဈေးနှုန်းသည် အမြင့်ဆုံးဖြစ်နေသည် ကိုတွေ့ရ ပါသည်။
ပဲစင်းငုံ
ပြည်ကုန်စည်ဒိုင်၏ နှစ်အလိုက် ဇူလိုင်ပထမပတ် ၂၀၂၁ခုနှစ်တွင် ပဲစင်းငုံတစ်တင်းကို ၃၁၀၀၀ကျပ်ဖြင့် ရန်ကုန်မှအဝယ်ရှိခဲ့ပါသည်။ ၂၀၂၂ခုနှစ် ဇူလိုင်လဆန်းပိုင်းတွင် ပဲစင်းငုံတစ်တင်းကို ၄၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ ၂၀၂၃ခုနှစ် ဇူလိုင်လဆန်းရက်မှာ ပဲစင်းငုံတစ်တင်းကို ၁၀၁၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ်တွင် ပဲစင်းငုံဈေးနှုန်းမှာ တစ်တင်းကို ၁၄၂၀၀၀ကျပ်ဖြစ်ပြီး ၂၀၂၅ခု ဇူလိုင်လဆန်းပိုင်းတွင် ပဲစင်းငုံတစ်တင်းကို ၈၆၀၀၀-၈၇၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၁၅၀/၃၀၀ခန့်ရှိခဲ့ပါသည်။
ကုလားပဲ
ပြည်ကုန်စည်ဒိုင်တွင် ဇူလိုင်လဆန်းရက်တွင် ကုလားပဲဈေးနှုန်းများမှာ ၂၀၂၁ခုနှစ်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၃၀၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် နယ်စုံအဝယ် ရှိခဲ့ပါသည်။ ၂၀၂၂ခုနှစ် ဇူလိုင်ပထမပတ်မှာ ကုလားပဲ(ဟော်လန်)တစ်တင်းကို ၅၀၀၀၀ကျပ်ဖြစ်ပြီး ၂၀၂၃ခုနှစ် ဇူလိုင်လဆန်းရက်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၉၂၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ ဇူလိုင်လဆန်းရက်ကွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၈၅၅၀၀ ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများအဝယ်ရှိခဲ့ပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လဆန်းရက်တွင် ကုလားပဲ (ဟော်လန်)တစ်တင်းကို ၉၁၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် နယ်စုံအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၃၀၀ခန့်အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။
ပဲကြီး
ဇူလိုင်ပထမပတ်၏ နှစ်အလိုက် ၂၀၂၁ခုနှစ်တွင် ပဲကြီး(ကမ်းနား)တစ်တင်းကို ၃၃၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်များအဝယ်ရှိခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းတွင် ပဲကြီး (ကမ်းနား)တစ်တင်းကို ၆၈၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ၂၀၂၃ခုနှစ် ဇူလိုင်လမှာ ပဲကြီး(ကမ်းနား)တစ်တင်းကို ၈၁၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ ဇူလိုင် ပထမပတ်မှာ ပဲကြီး(ကမ်းနား)တစ်တင်းကို ၁၄၀၀၀၀ကျပ်ရှိပြီး ၂၀၂၅ခုနှစ် ဇူလိုင်ပထမပတ်မှာ ပဲကြီး(ကမ်းနား)တစ်တင်းကို ၉၀၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားနှင့် ရန်ကုန် အဝယ်တစ်ရက် ကိုအိတ် ၂၀၀/၃၀၀ခန့်ရှိပါသည်။

ဘိုကိတ်
၂၀၂၁ခု ဇူလိုင်လဆန်းရက်တွင် ဘိုကိတ်တစ်တင်းကို ၂၈၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ် ရှိခဲ့ပါသည်။ ၂၀၂၂ခုနှစ် ဇူလိုင်လဆန်းရက်တွင် ဘိုကိတ်တစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိပါသည်။ ၂၀၂၃ခုနှစ်တွင် ဘိုကိတ်တစ်တင်းကို ၃၆၀၀၀ကျပ်ဖြင့် ရန်ကုန်နှင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ၂၀၂၄ခု ဇူလိုင်လဆန်းရက်တွင် ဘိုကိတ်တစ်တင်းကို ၈၇၀၀၀ကျပ် ဈေးရှိခဲ့ပြီး ၂၀၂၅ခုနှစ်မှာ ဘိုကိတ်တစ်တင်းကို ၇၀၀၀၀-၇၁၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ် တစ်ရက်ကိုအိတ် ၁၅၀/၂၀၀ခန့်ရှိခဲ့ပါသည်။
ပြည်ကုန်စည်ဒိုင်၏ နှစ်အလိုက် ဇူလိုင်လဆန်းရက်များတွင် ပဲဈေးနှုန်းမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ဘိုကိတ်ပဲဈေးများမှာ ၂၀၂၄ခုနှစ်တွင် ဈေးမြင့်နေပြီး ကုလားပဲဈေးမှာ ၂၀၂၅ ဇွန်လိုင်လ ဆန်းပိုင်းဈေးက ပိုမိုမြင့်နေကြောင်းသိရှိရပါသည်။ ၂၀၂၄ ပဲဈေးက ယခင်နှစ်များ ကကုလားပဲ ဈေးထက် ပိုမိုမြင့်တက်နေကြောင်းသိရပါသည်။
DOCA(ပဲခူး)