
ယခုဇွန်လနောက်ဆုံးပတ်တွင် ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် တောင်ကြီးဘက်မှ ရှမ်းခရမ်းချဉ်သီးများ (၅)ရက်ခြားမှသာ တစ်ကြိမ်အဝင်ရှိနေပြီး (၁၅)ပိဿာဝင် သေတ္တာပေါင်း (၁၅) သေတ္တာခန့် အဝင်ရှိနေသည်။ ဟင်းအနှစ်အဖြစ်စားသုံးသူအသုံးပြုမှုများသဖြင့် ရှမ်းခရမ်းချဉ်သီး အဝင်ရှိသလောက်အရောင်းအဝယ်ဖြစ်နေပြီး ရှမ်းခရမ်းချဉ်ဈေးမှာ အဝင်နည်း၍ ဈေးအနည်း ငယ်မြင့်တက် သွားနိုင်သွားလျက်ရှိကြောင်းသိရပါသည်။ ပြည်ဈေးကွက်အတွင်းတွင် ယခင် မေလဆန်းတွင် ရှမ်းခရမ်းချဉ်တစ်ပိဿာလျှင် အနိမ့်/အမြင့် ဈေးကျပ်(၂၅၀၀/၃၀၀၀)ရှိခဲ့ပြီး ယခုဇူလိုင်လဆန်းတွင် ကျပ် (၄၀၀၀/၄၅၀၀)နှုန်းဖြင့်ရောင်းချလျက်ရှိနေသည်။
ပြည်ဈေးကွက်အတွင်းရှမ်းခရမ်းချဉ်သီးအပြင် ကိုင်းခရမ်းချဉ်သီး (ခေါ်) ဗမာခရမ်းချဉ်သီး များပါ ရောင်းဝယ်မှုရှိနေပြီး ပုတီးကုန်း၊ အင်းမနှင့် ရွှေတောင်နယ်ဘက်များမှ (၃)ရက်ခြားတစ်ခါ အဝင်ရှိနေကာ တစ်ပိဿာလျှင် ကျပ် (၅၅၀၀-၆၀၀၀)နှုန်းတို့ဖြင့် ဈေးကွက်အတွင်း ပုံမှန်ရောင်းဝယ်မှုရှိနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)