မုံရွာမြို့နယ်တွင် ဖြစ်ပေါ်နေသော ပန်းဈေးနှုန်းများ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပန်းပင်စိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိ ကြပါသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လစတုထ္ထပတ်တွင် မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော ပန်းဈေးနှုန်းများအနေဖြင့် သပြေပန်း ( ၁ )စည်းလျှင် ( ၅၀၀)ကျပ်၊ ကံကော်ပန်း ( ၃ )ကုံးလျှင် ( ၁၀၀၀) ကျပ်၊ ဂန္ဓမာပန်း အဖြူ၊ အညို ( ၁ ) စည်းလျှင် ၁၅၀၀ကျပ်၊ နှင်းဆီပန်းတစ်ပွင့်လျှင် (၈၀၀)ကျပ်၊ ပန်းတိမ်ငို ( ၁ )စည်းလျှင် ( ၁၅၀၀)ကျပ်၊ ဇွန်ပန်း ( ၅ ) ကုံးလျှင် ( ၁၀၀၀)ကျပ်၊ သပြေ ငုတ်ကြီး (၁) ငုတ်လျှင် (၁၅၀၀)ကျပ်နှင့် သပြေငုတ်သေး(၁)ငုတ်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ သပြေအငုတ်သည် ကြာရှည်ခံသည့်အတွက် လူကြိုက်များကာ အရောင်းသွက်လျက် ရှိကြောင်း ပန်းရောင်းသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)