“ ကော့မှူးမြို့နယ်၌အခွန်ထမ်းဆောင်မှုဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ”

Powered by Drupal
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးအခန်းမ၌ ဇူလိုင်လ (၈)ရက်နေ့၊ နေ့လည်(၁၄:၀၀) နာရီအချိန်တွင်အခွန်ထမ်းဆောင်မှုဆိုင်ရာ အသိပညာပေးရှင်းလင်း‌ ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ရာတွင် ကော့မှူးမြို့နယ် အခွန်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်လင်းသူက အခွန်ကောက်ခံခြင်းဆိုင်ရာ ကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များမှ အခွန် ကောက်ခံမှုများနှင့် စပ်လျဉ်း၍ Tax ဧရိယာတိုးချဲ့ ကောက်ခံရေး၊ အခွန်တိမ်းရှောင်မှုများ မရှိစေရေး၊ သက်ဆိုင်ရာဌာနအလိုက် လျာထားကောက်ခံရမည့် အခွန်ငွေများ အပြည့်အဝ ကောက်ခံရေးကိစ္စရပ်များအပေါ်ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ပြည်တွင်း အခွန်ဦးစီးဌာနမှ ဦးစီးမှူးမှ လုပ်ငန်းအမျိုးအစားအလိုက် အခွန်စည်းကြပ်မှု အခြေအနေများအား ရှင်းလင်း ဆွေးနွေးခြင်း၊ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးပြီး ကျေးလက်နေပြည်သူများအား ဆက်လက်အသိပေး စည်းရုံးဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အင်အား (၉၆)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)