
မအူပင်ခရို်င ပန်းတနော် မြို့နယ်တွင် ဗူးစိုက်ပျိုးသူများရှိပြီး မိုးတွင်ကာလတွင် ဗူးသီးများထွက်ရှိ၍ ဈေးကောင်းလျက်ရှိသည်။ ပန်းတနော်မြို့နယ်တွင် ဗူး စိုက်ဧက ၁၅၂ ဧက စိုက်ပျိုးကြောင်း သိရသည်။ ဗူးသည် စိုက်ပျိုးမှု ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေကောင်းမွန်သော သီးနှံဖြစ်၍ စိုက်ပျိုးသူများပြားသည်။
ဗူးများကို နှစ် တစ်ပတ်လည် စိုက်ပျိုးလျှက်ရှိပြီး ဗူးပင်သက်တမ်းထွက်ရှိမှု မှာ ၅လမှ ၇ လအထိ ထွက်ရှိသည်။ ဗူးစိုက်ပျိုးပါက ၂လခွဲအကြာတွင် အသီးထွက်ရှိသည်။ ၂၀၂၅ခုနှစ် ဇူလိုင်လ ထွက်ရှိသော ဗူးသီးများ ပန်းတနော် ဈေးကွက်တွင် ဈေးကောင်းရရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရပြီး ဗူးသီး ၁လုံးလျင် ၅၀၀၀ကျပ်ဖြင့် ရောင်း ချလျက်ရှိသည်။ ၂၀၂၅ခုနှစ် ဖေဖော်ဝ့ရီလများက ဗူးသီး ဈေးနှုန်းမှာ ၃၅၀၀-၄၀၀၀ကျပ်သာ ရှိပြီး ဇူလိုင်လတွင် ၁၀၀၀ကျပ် မြင့်တက်လာကြောင်း သိရသည်။
ဗူးသီးကို ဟင်းချက်ရန် ဝယ်ယူကြပြီး ၊ ဗူးသီးကျော်ရန် အကျော်သည်များကလည်း အဝယ်လိုက်လျက်ရှိကြောင်း သိရသည်။ ဗူးပင်စိုက်သူများ စီးပွာဖြစ်အဆင်ပြေလျက် ရှိကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး မြို့နယ်တွင်းနှင့် ပန်းတနော် မြို့များရှိ ဗူးသီးကျော်သူများထံသို့လဲ တင်ပို့ရောင်းချရပြီး ဗူးပင်စိုက်ပျိုးမှု ကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ်ရရှိ၍ နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)