
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ချည်ပေါင်းရွက် နှင့် ကင်ပလင်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး လျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။
ချဉ်ပေါင်ရွက်သည် ရာသီမရွေး ပေါများသော အရွက်တစ်မျိုးဖြစ်သော်လည်း ကင်ပလင်းရွက် သည် ယခုလို မိုးရာသီတွင်သာ ပေါများလှပါသည်။ ချဉ်ပေါင်ရွက်နှင့်ကင်ပလင်းရွက်တို့ကို အိမ်ရှင်မများအနေဖြင့် နေ့စဉ် အရန်ဟင်း အရည်သောက်အဖြစ် မဖြစ်မနေ ချက်ပြုတ်ကြတာဖြစ်သလို ရက်အတန်ကြာ စာနိုင်ဖို့အတွက်လည်း အဖန့်ကလေးနေလှမ်းပြီး ကြော်ထားကြတာမျိုးလည်းရှိပါသည်။ ကင်ပလင်းရွက်ကိုတော့ အချဉ်ကြော်တာအပြင် ပြုတ်ပြီး သုပ်စားကြတာကို အများဆုံးအသုံးပြုကြတာ ဖြစ်ကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးနှင့်ပိတောက်မြိုင်ဈေး များတွင် ဖြစ်ပေါ်နေသော ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက် လက္ကားဈေး တစ်ပိဿာ လျှင်(၁၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက် လက်လီဈေး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၅၀)ကျပ် သားလျှင်(၁၀၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက် (၂၅) ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ကင်ပလင်းရွက် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ကင်ပလင်းရွက်(၁)ပုံလျှင်(၃၀၀)ကျပ်၊ ကင်ပလင်းရွက် (၂)ပုံလျှင်(၅၀၀)ကျပ်၊ ကင်ပလင်းရွက်(၄)ပုံလျှင်(၁၀၀၀)ကျပ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)