စိုက်ပျိုးတောင်သူများ၏ အကျိုးစီးပွားကို ရှေးရှု့၍ ၁၆.၇.၂၀၂၅ ရက်နေ့ ၁၀း၀၀ နာရီတွင် တောင်ကြီးမြို့ပေါ်ရှိ စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်များအား စျေးနှုန်း၊ စျေးကွက်နှင့် အရည်အသွေး မှန်ကန်စေရေးစိစစ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
တောင်ကြီးမြို့ပေါ်ရှိ စိုက်ပျိုးရေး သွင်းအားစု ရောင်းဆိုင်များအား တောင်ကြီးမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနစသည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် စိုက်ပျိုးတောင်သူများ၏ အကျိုးစီးပွားကို ရှေးရှု့၍ စျေးနှုန်း၊ စျေးကွက်မှန်ကန်မျှတစေရေး၊ ကုန်စည်အရည်အသွေးပြည့်မှီစေရေး ၊ ကုန်အညွှန်းအမှတ်အသားမှန်ကန် ပြည့်စုံစေရေးနှင့် တရားမဝင်ကုန်သွယ်မှုဖြစ်စဉ်များ ကင်းရှင်းစေရေးစသည့် အရောင်းအဝယ်ဆိုင်ရာ အသိပညာများ ထွန်းကားစေရန်အတွက် စိုက်ပျိုးရေးသွင်း အားစုအရောင်းဆိုင်များအား စည်းရုံးပညာ ပေးခြင်းနှင့် ပူးပေါင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ရေးသား တင်ပြအပ်ပါသည်။
DOCA(ရှမ်း)