မိတ္ထီလာခရိုင်တွင် ဆေးဈေးနှုန်းများ ဈေးကွက်စောင့်ကြည့် စာရင်းကောက်ယူခြင်း

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဒေါ်စိမ်းစိမ်းထွေး (စစ်ဆေးရေး အရာရှိ)ဦးဆောင်သော ဈေးကွက်စောင့်ကြည့် စစ်ဆေးရေး အဖွဲ့သည် ၂၀၂၂ခုနှစ် ဩဂုတ်လ(၂၂)ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၂၁/၂၀၂၀ အရဆေးဝါးများကိုအ‌ရေးကြီးကုန်စည်အဖြစ်သတ်မှတ်လိုက်သဖြင့် ဆေးဝါးများကို စျေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ စျေးကစားရန်ရည်ရွယ််၍ သိုလှောင်ခြင်းမပြုရန်ကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ တရားမဝင်ဆေးဝါးများ၊ အတုအပနှင့် အရည်အသွေးနိမ့်ဆေးဝါများ ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြု ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်း မှန်ကန်မှုရှိစေ‌ရေးအတွက် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုမရှိခြင်း၊ ဆေးစျေးနှုန်းမှာ အခြားကုန်စည်များနည်းတူ အတိုင်းအတာတစ်ခုထိ မြင့်တတ်လာသော်လည်း စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်း၊ တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပါသည်။ အရောင်ဆိုင်ရှင်များအား ကုန်စည်များကို စျေးကွက်အတွင်း စျေးနှုန့်မြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မ ဟုတ်) စျေးကစားရန်ရည်ရွယ်ချက်ဖြင့်  သိုလှောင်ခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အ‌ရေးယူခြင်းခံရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)