
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလည်ပိုင်းရှိ တန်ဂိုင်းလ်ခရိုင်တွင် နာနတ်ပင်စိုက်ပျိုးရေးလုပ်ငန်း သည် တိုးတက်လျက်ရှိပါသည်။
ပထဝီဝင်ဆိုင်ရာညွှန်ပြချက် (GI)ထုတ်ကုန်အဖြစ် အသိမှတ်ပြုထားသော တန်ဂိုင်းလ် ခရိုင်မှ နာနတ်သီးများသည် ချိုမြိန်ပြီးအရည်ရွှမ်းမှုကြောင့် နိုင်ငံအတွင်းတွင်သာမက UAE နိုင်ငံ ကဲ့သို့သော နိုင်ငံတကာဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်လျှက်ရှိပါသည်။
ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ ဒီနှစ်တွင် ရာသီဥတုကောင်းမွန်မှုနှင့် တောင်သူ များ၏ ဂရုတစိုက် စီမံခန့်ခွဲနိုင်မှုကြောင့် နာနတ်စိုက်ပျိုးမှု ကောင်းမွန်စွာဖြစ်ထွန်းခဲ့ကြောင်း သိရှိရပါ သည်။နေ့စဉ် ဘင်္ဂလားဒေ့ရှ် ကာတာ သန်း ၃၀နီးပါး (အမေရိကန်ဒေါ်လာ ၂၄၈၅၃၅ခန့်) တန်ဖိုးရှိ နာနာတ်သီးများကို ထရပ်ကား ၂၅စီးမှ ၃၀စီးခန့်ဖြင့် နိုင်ငံတဝန်းရှိ အဓိကမြို့ကြီးများသို့ သယ်ယူ ပို့ဆောင်လျှက်ရှိပါသည်။
စိုက်ပျိုးတိုးချဲ့ရေးဦးစီးဌာန (DAM)က တန်ဂိုင်းလ်ခရိုင်၏ နာနတ်သီးကုန်သွယ်မှုဝင်ငွေသည် ယခုရာသီတွင် (ဒေါ်လာ ၁၆.၆၀ သန်းခန့်)ရှိပြီး ဒေသတွင်းစီးပွားရေးကို အဓိကမောင်းနှင်နေသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြောကြားထားပါသည်။
နာနတ်သီးကုန်သည်တစ်ဦးက လက်ရှိပြည်တွင်းတွင်သာ ရောင်းချမှု ပြုနေသော်လည်း အနာဂတ်မှာ အခွင့်အရေးရရင် တရုတ်နိုင်ငံကိုပါ နာနတ်သီးများတင်ပို့ရန် ကြိုးစားသွားမည်ဖြစ် ကြောင်း Xinhua ကိုပြောကြားခဲ့ပါသည်။
Source : Xinhua
DOCA (ရန်ကုန်)