မုံရွာမြို့တွင် ရောင်းချနေသော ဖရဲသီး ဈေးနှုန်းဈေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင်  ဩဂုတ်လ အတွင်း  ရာသီစာဖရဲသီးများ ဝင်ရောက်လာပြီး၊ အရောင်းသွက်လျက်ရှိကြောင်းသိရပါသည်။

     ယခုဩဂုတ်လဒုတိယပတ်အတွင်း ဝင်ရောက်လာသည့် ဖရဲသီး‌စျေးနှုန်းများမှာ အလုံးကြီး တစ်လုံးလျှင် ၄၀၀၀ ကျပ်၊ အလုံးလတ် ၂၀၀၀ ကျပ်နှင့် အလုံးသေး ၁၅၀၀ကျပ် စျေးဖြစ်ပြီး အသီးအရွယ်အစား အလိုက် စျေးအနည်းငယ် ကွာခြားမှုရှိကြောင်း ဖရဲသီးရောင်းချသူထံမှ သိရှိ ရ ပါသည်။

DOCA(စစ်ကိုင်း)