
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင် ဩဂုတ်လ အတွင်း ရာသီစာဖရဲသီးများ ဝင်ရောက်လာပြီး၊ အရောင်းသွက်လျက်ရှိကြောင်းသိရပါသည်။
ယခုဩဂုတ်လဒုတိယပတ်အတွင်း ဝင်ရောက်လာသည့် ဖရဲသီးစျေးနှုန်းများမှာ အလုံးကြီး တစ်လုံးလျှင် ၄၀၀၀ ကျပ်၊ အလုံးလတ် ၂၀၀၀ ကျပ်နှင့် အလုံးသေး ၁၅၀၀ကျပ် စျေးဖြစ်ပြီး အသီးအရွယ်အစား အလိုက် စျေးအနည်းငယ် ကွာခြားမှုရှိကြောင်း ဖရဲသီးရောင်းချသူထံမှ သိရှိ ရ ပါသည်။
DOCA(စစ်ကိုင်း)