ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာရှိ ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍အသိပညာပေး ဆွေးနွေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တာဝန်ခံ ဦးမျိုးအောင်သည်  စက်တင်ဘာလ (၉) ရက် နေ့၊  နံနက် (၁၁:၀၀) နာရီအချိန်တွင် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာရှိ ရတနာအောင် ဆန်စက် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ  စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေ ရန်အတွက် ဖော်ပြရန်လိုအပ်သော ကုန်အညွှန်းအမှတ်အသား အချက်အလက်များ ပြည့်စုံမှု ရှိစေရေး၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များအား အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရန် အဆင့် ကျော်၍ ထုတ်လုပ်ခြင်းများမပြုလုပ်ရန်၊ စားသောက်ကုန်လုပ်ငန်းဖြစ်သဖြင့် ကျန်းမာရေးနှင့် ညီညွတ်စေရန်၊ ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ဈေးကွက် မရောက်မီ ဆန်အရည်အသွေးမပျက်စီးစေရန် ထားသိုခြင်းများအား စနစ်တကျ ဆောင်ရွက် ရန်၊ စားသုံးသူများပေးရသည့် တန်ဖိုးနှင့်ညီမျှသည့် အရည်အသွေး၊ အသားတင်ပမာဏ အလေးချိန်များအား စနစ်တကျဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပေးသော လုပ်ငန်းလိုင်စင်များအား အများမြင်သာသည့်နေရာတွင် ချိတ်ဆွဲထားရှိရန်၊  စားသုံးသူကာ ကွယ်ရေးဉပဒေပါ စားသုံးသူအခွင့်အရေး (၈)ချက်နှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် နှင့်စပ်လျဉ်း၍ အာမခံ ချက် ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုများအား အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး   စားသုံးသူရေးရာဦးစီး ဌာနနှင့် ပတ်သက်သော သတင်းအချက်အလက်များအား သိရှိစုံစမ်းလိုလျှင် www.doca.gov. mm website နှင့် DOCA Myanmar Moblie Application တွင် ဝင်ရောက် လေ့လာနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန Facebook Page တွင်လည်း ကြည့်ရှုနိုင်ကြောင်း၊ Consumer Call Centerများသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့ပါက တိုင်ကြားနိုင်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)