
မြင်းခြံမြို့အတွင်းရှိ ဒါးကျွန်းကျေးရွာ၊ နတ်ညွှန်းကျေးရွာတို့မှ စိုက်ပျိုးထွက်ရှိသော နှင်းပန်းများအား တောင်သူများကိုယ်တိုင် အေးမြသီတာဈေးသို့ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင်နှင်းပန်း (၁၀) ခက်ပါတစ်စီးလျှင် (၁၅၀၀-၂၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အပွင့်အခက် အကြီး၊ အသေး၊ လတ်ဆတ်မှု အပေါ်တွင်မှုတည်၍ ဈေးနှုန်းများအနည်းငယ် ကွာခြားကြောင်း၊ စိုက်ပျိုးရာတွင် ကုန်စရိတ်သက်သာပြီး စီးပွားဖြစ်စိုက်ပျိုးသင့်သော အပင်ဖြစ်ကြောင်း၊ နှင်းပန်းများသည် ဘုရားပန်းထိုးရာတွင် မွှေးကြိုင်ပြီး တာရှည်ခံသဖြင့် လှပသောကြောင့် ဈေးကွက်တွင် လူကြိုက်များပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မိုးရာသီကာလတွင် နှင်းပန်များ လှိုင်လှိုင်ထွက်ပေါ်၍ ဈေးနှုန်းချိုသာကြောင့် ဘုရားပန်းလှူသူများကြောင်း နှင်းပန်းရောင်းချသူ၏ ပြောပြချက်အရ သိရှိရသည်။ နှင်းပန်းသည် ဥကိုစိုက်ပျိုးရသောအပင်ဖြစ်ကြောင်း၊ နှင်းခူ ရောဂါအတွက် နှင်းပန်းဥများကိုပါးပါးလှီးပြီး လေခြောက်ခံကာ၊ ၎င်းဥကို မီးနှင့်အပူပေးပြီး ပြာချ၍ ထိုပြာကို အုန်းဆီနှင့်ရော၍လိမ်းပါက အနာကွာကျပြီး နှင်းခူအစို၊ အခြောက်နာ သက်သာပျောက်ကင်းကြောင်းသိရှိရသည်။
DOCA(မန္တလေး)