ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချလျက်ရှိသော ရာသီစာ ရိုးရိုးဗမာပြောင်းဖူး ဈေးနှုန်း

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျှက်ရှိရာ ကျွန်းလှမြို့နယ်အတွင်းရှိကျေးရွာများတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရိုးရိုးဗမာပြောင်းဖူးပင်များကို မိမိတို့ တောင်ယာများတွင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ကျွန်းလှမြို့တွင် ရောင်းချနေသော ရိုးရိုးဗမာပြောင်းဖူး ဈေးနှုန်းများမှာ ရိုးရိုးဗမာပြောင်းဖူး အဖူးကြီး တစ်ဖူးလျှင်(၃၀၀)ကျပ်၊ အဖူးသေး တစ်ဖူးလျှင် (၂၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၄)ဖူး ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)