
မေမြို့ပန်းများသည် အရောင်အသွေးလှပမှုဖြင့် ဆွဲဆောင်မှုရှိတဲ့ ပန်းတစ်မျိုးဖြစ်ပါသည်။ ဘုရား ပန်းထိုးရာတွင်လည်း အမြတ်တနိုးထား အလှဆင်ကြသည်။ မေမြို့ပန်းသည် အခိုင်လိုက် အစုလိုက် ပွင့်သော ပန်းဖြစ်ပြီး အရောင်အားဖြင့် အဖြူ၊ အနီ၊ ပန်းရောင်၊ ဗေဒါရောင် တို့ရှိသည်။ မြန်မာနိုင်ငံတွင် Aster အဖြူ နှင့် Color မျိုးစေ့ပုလင်းများ မှာယူ၍ စိုက်ပျိုးကြပါသည်။ ရိုးစိမ်းအဖြူ ၊ ကျောက်နီ၊ ချင်းမိုင် စသည်ဖြင့် အပွင့်အရောင်၊ ပန်းပွင့်ပုံကို မူတည်၍ မြန်မာအခေါ်များရှိသည်။ နေရောင်အပြည့်အဝရရှိ မှု ကို ကြိုက်နှစ်သက်သော်လည်း မြင့်မားလွန်းသော အပူချိန်က ပန်းပွင့်ခြင်းကို နှောင့်နှေး ကြန့်ကြာစေပါ သည်။ မိုးဆက်တိုက် ရွာသောအခါ၊ အေးလွန်းသောအခါများတွင် ပန်းပွင့်ခြင့်ကို လျော့ကျစေပါသည်။ မည်သည့်မြေအမျိုးအစားတွင်မဆို ရှင်သန်ပေါက်ရောက်နိုင်သော်လည်း ခြောက်သွေ့ပြီးမြေဆီ ညံဖျင်း ပါက ပန်းအနည်းငယ်သာ ပွင့်ပါမည်။ ရေငတ်ဒဏ်ကို အနည်းငယ် ခံနိုင်ရည်ရှိသည်။ ပျိုးပင်များအား ပင်ကြားတန်းကြား ၁၈-၂၄ လက်မ အကွာ မိမိ စိုက်ပျိုးမည့်မျိုးမှ ပန်းပွင့်မည့် အနေအထားပေါ် မူတည် ၍ စိုက်ပျိုးရပါမည်။ မိမိစိုက်ပျိုးသည့်မျိုး၏ ပန်းပွင့်အနေအထားပေါ် မူတည်၍ ခေါင်နှိမ်ပေးရမည် ဖြစ်ပါ သည်။ ခေါင်နှိမ်ခြင်းဖြင့် ပန်းပွင့်များရရှိမည့် ဘေးကိုင်းဖြာမှုကို ဖြစ်စေပါမည်။ နေရောင်ခြည် အပြည့်အဝ ရရှိပြီး ပင်ကြားတန်းကြား လေဝင်လေထွက်ကောင်းရန် ဖန်တီးပေးရန် လိုအပ်ပါသည်။ ထိုသို့ ပြုလုပ် ခြင်းဖြင့် Powndery Mildew မှိုရောဂါကို မဖြစ်ရန်အတွက် ကာကွယ်ပြီး ဖြစ်သည်။အပင်ဖြစ်ရန် လွယ်ကူ သော်လည်း ပန်းပွင့်ရန်အတွက် ဂရုတစိုက်စောင့်ရှောက်ရသော ပန်းပင်ဖြစ်သည်။ အစိုဓာတ်သည် ပန်းပွင့်ခြင်းကို လွှမ်းမိုးသည်။ မြန်မာနိုင်ငံတွင် မေမြို့ပန်းများကို အပင်လိုက် နှုတ်စည်း၍ ဈေးများတွင် ရောင်းချကြသည်။ အပင်ကြီးထွားမှုနှင့် အပွင့်အရောင်သွေးပေါ် မူတည်ပြီး ဒေသအလိုက်ဈေးနှုန်း မတူ ကြပါ။ ဥပမာ အဖြူရောင်ပန်းများသည် အခြားအရောင်ပန်းများထက် ဈေးရရှိမှု လျော့နည်းပါသည်။ အပင်ငယ်များမှာ အပင်ကြီးများထက် ဈေးလျော့နည်းပါသည်။ လက်လီဈေးတွင် အပင်ကြီးများ နှစ်ပင် စီး တစ်စီးလျှင် ၅၀ဝ ကျပ် ဖြစ်ပြီး အပင်ငယ် ၅ ပင်ပါ တစ်စီးလျှင် ကျပ် ၈၀၀ ဖြစ်သည်။ တချို့ဒေသများ တွင် အပင်အရေတွက် အရွယ်အစား အပင်လိုက်နှုတ်၍ရောင်းချသည်။ တချို့ဒေသများတွင် အပင်လိုက် နှုတ်၍ လက်ဆုတ်စည်းများဖြင့် ရောင်းကြပါသည်။ တစ်ဧကအထွက်နှုန်းမှာ မိမိစိုက်ပျိုးသော မျိုး အလိုက် ပင်ကြားတန်းကြားဖြင့် စိုက်ပျိုးသည့် အပင်အရေအတွက် ဝင်ဆန့်မှုပင် ဖြစ်ပါသည်။
DOCA(ပဲခူး)