လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေး ဟောပြော

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြင်ဈေး(မြောက်)၊ သမဝါယမအသင်းစုချေးငွေလုပ်ငန်းဌာနတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေဘို ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့မှ စက်တင်ဘာလ(၁၉)ရက်နေ့ထိ သင်တန်းကာလ(၅)ရက်ဖြင့် နေ့စဉ်နံနက်(၀၉:၀၀)နာရီမှ ညနေ(၁၆:၀၀) နာရီထိ သင်ကြားပို့ချ လျှက်ရှိရာ သင်တန်းသား(၃)ဦးနှင့် သင်တန်းသူ(၁၇)ဦး၊ စုစုပေါင်း သင်တန်းသားဦးရေ (၂၀)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါသင်တန်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ရွှေဘိုခရိုင်ဦးစီးမှူးဦးဇော်မင်းသိန်းမှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Vision၊ Missionများ၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်မှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူဖြစ်ကြောင်း၊ စားသုံးသူတိုင်းတွင် စားသုံးသူ အခွင့်အရေးများရှိကြောင်း၊ ကုန်စည်ကိုထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်လုပ်သည့်ကုန်စည်တွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်း ဖော်ပြကြရန်၊ ၎င်းညွှန်ကြားချက်တွင် ကုန်စည်အုပ်စု(၈)ခုရှိကြောင်း၊ ယခုဖွင့်လှစ်မည့်သင်တန်းတွင် သင်ကြားပို့ချသည့်  လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် သင်ကြားပေးသည့် ဆပ်ပြာရည် /ဆပ်ပြာခဲ/ ဆပ်ပြာမှုန့် အမျိုးမျိုးသည် ကုန်စည်အုပ်စု(ဆ)လူသုံးကုန်ပစ္စည်းများထဲတွင်ပါဝင်ပြီး စားသုံးသူကာကွယ်‌ရေး ဉပဒေပုဒ်မ(၄၃)အရ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြ ရမည်ဖြစ်ကြောင်း၊ ကုန်စည်ထုတ် လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ မိမိသိရှိလိုသည့် အကြောင်းအရာများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်ဆွေးနွေး၍ရကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့် ပတ်သက်၍ ဌာန၏ အတည်ပြုချက်ရယူရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပတ်သက်သော သတင်းအချက် အလက်များအား သိရှိစုံစမ်းလိုလျှင် www.doca. gov. mm. website နှင့် DOCA Myanmar Moblie Application တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page တွင်လည်း ကြည့်ရှုနိုင်ကြောင်း၊ Consumer Call Center များသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူ အခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်ကြောင်းများကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး သင်တန်းသား/သူ(၂၀)ဦးအား ဌာန၏ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)