ကျွန်းလှမြို့၏ ကြောင်လျှာပွင့်ခြောက် ဈေးနှုန်း

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံ များ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါ တွင် ရာသီစာ ကြောင်လျှာပွင့်ခြောက်များကို မိမိတို့ဒေသထွက်များကို ရောင်းချလျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ‌ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့်  ကြောင်လျှာပွင့်ခြောက်ဈေးနှုန်းမှာ ကြောင်လျှာပွင့်ခြောက် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိပြီး ကြောင်လျှာပွင့်ခြောက်သည် ဆေးဘက်ဝင်သောအပွင့်ခြောက်များဖြစ်ပြီး အရန်ဟင်းအဖြစ် အသုံးပြုလို့ရသလို အသုပ်ဆိုင်များမှလည်း အသုံးပြုသည့်အတွက် လူအများ ကြိုက်နှစ်သက်ကာ  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရပါသည်။ 

DOCA(စစ်ကိုင်း)