
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဟင်းသီးဟင်းရွက်များအပြင် ကြက်ဥ၊ ဘဲဥနှင့် ငုံးဥများ ရောင်းချလျက်ရှိရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကြက်ခြံများနှင့် မန္တလေးမြို့မှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကြက်ဥအကြီး (၁)လုံးလျှင် (၅၅၀)ကျပ်၊ လက်ကား(၁၀)လုံးလျှင် (၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဘဲဥ(၁)လုံးလျှင် (၇၀၀)ကျပ်နှင့် ငုံးဥ(၆)လုံးလျှင် (၁၀၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း စက်တင်ဘာဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်ဥဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း ကြက်ဥလက်လီ/လက္ကားရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)