မင်းဘူးမြို့မဈေး၌ ငရုတ်သီးခြောက်ဈေးနှုန်းကျဆင်း

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေး၌ ငရုတ်သီးခြောက်သီးနှံကို မင်းဘူးမြို့ ပတ်ဝန်းကျင်ရှိ ရေတွင်းကုန်းကျေးရွာမှ မှာယူရောင်းချလျက်ရှိသည့်အပြင် နတ်မောက်မြို့နှင့် နေပြည်တော်၊ တပ်ကုန်းမြို့တို့မှလည်း မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ငရုတ်သီးခြောက် (ဒီမွန်)()ပိဿာလျှင် ကျပ် (၁၁၀၀၀) (မီယာ)()ပိဿာလျှင် ကျပ်(၁၀၀၀၀) (ကျွန်းပု)()ပိဿာလျှင် ကျပ်(၁၃၀၀၀) ပီနန် (ခေါ်)တောင်ပေါ်(၁၁) ()ပိဿာလျှင် ကျပ်(၁၄၀၀၀) ကျောက်စိမ်း()ပိဿာလျှင် ကျပ်(၁၀၀၀၀) ဈေးဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)တွင် (ဒီမွန်)()ပိဿာလျှင် ကျပ်(၁၂၀၀၀) ပီနန် (ခေါ်)တောင်ပေါ်(၁၁)()ပိဿာလျှင် ကျပ်(၁၅၀၀၀)ဈေးဖြင့်ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် (ဒီမွန်) ကျပ်(၁၀၀၀) ပီနန်းခြောက် (ခေါ်)တောင်ပေါ်(၁၁) ကျပ်(၁၀၀၀) ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ ယခုအချိန်တွင် မင်းဘူးမြို့၊ ရေတွင်းကုန်းကျေးရွာနှင့် နတ်မောက်မြို့တို့မှ ကျောက်စိမ်း၊ မီယာ၊ ကျွန်းပု ငရုတ်သီးခြောက်များ မင်းဘူးမြို့မဈေးအတွင်းသို့ ဝင်ရောက်လာသည့်အတွက် ငရုတ်သီးခြောက်ဈေးနှုန်းမှာ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)